မန္တလေးတိုင်းဒေသကြီး

စဉ့်ကိုင်မြို့နယ် မုန့်ပေါင်းကျေးရွာ၌ အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မုန့်ပေါင်းကျေးရွာရှိ ရွှေသရဖီခန်းမ၌ ကျင်းပသည်။

သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက ကိုယ်ပိုင်ကျောင်းများ မီးဘေးလုံခြုံရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက အမှတ်(၁)ရပ်ကွက်ရှိ အောင်မင်္ဂလာကိုယ်ပိုင် မူလတန်းကျောင်းတွင် ဇန်နဝါရီ ၁၄ ရက်က မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်သည်။

တောင်သာမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်ဒေသကြီး၊ တောင်သာမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက် ၁၀ နာရီက  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌  ကျင်းပသည်။

မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး မြို့ပေါ်ရပ်ကွက်များရှိမဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး)၌ ယနေ့နံနက်ပိုင်းက မြတ်ရတနာခန်းမတွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ပထမနှစ်သင်တန်း ကျောင်းသား ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မှန်စီကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများ၊ IDP စခန်းများမှ ပြည်သူများ၊ ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များ ဇန်နဝါရီ ၁၅ ရက်က စစ်တွေမြို့နယ်၊ မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံး၌ မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ၊ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုကို ကြည့်ရှုအားပေးပြီး ဘာသာရေး‌ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။

‎မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၌ ယာယီနေရပ်စွန့်ခွာပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက် အဝေရာရာမ ရန်ကင်းကျောင်းအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

မေတ္တာစံအိမ် ပရဟိတဖောင်ဒေးရှင်း(၁၀)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကျင်းပ

မေတ္တာစံအိမ် ပရဟိတဖောင်ဒေးရှင်း(၁၀)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီက မန္တလေး၊‌ အောင်မြေသာစံမြို့နယ်၊ မဟာ‌ဇေယျာဘုံရပ်ကွက်ရှိ အောင်မြင်ခြင်းဟော်တယ်တွင် ကျင်းပခဲ့သည်။

ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိတ္ထီလာမြို့တွင်းလမ်းပိုင်း ဝဲယာရှိ ကားလမ်းဘေး ပလက်ဖောင်းပေါ်တွင် ကျရောက်နေသည့် သစ်ပင် အကိုင်အခက်များနှင့် လမ်းဘေးရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိတ္ထီလာမြို့တွင်း လမ်းပိုင်းဝဲယာရှိ ကားလမ်းဘေးပလက်ဖောင်းပေါ်တွင်ကျရောက်နေသည့် သစ်ပင်အကိုင်းအခက်များနှင့် လမ်းဘေးရှိချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ဇန်နဝါရီ ၁၅ ရက် နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူရွေးချယ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူရွေးချယ်ပွဲကို ဇန်နဝါရီ ၁၄ ရက်နေ့မှ စတင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး