ချမ်းမြသာစည်မြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ပြည်သူများနှင့်မော်တော်ယာဉ်မောင်းများ ယာဉ်စည်းကမ်းလမ်းစည်းကမ်း သိရှိလိုက်နာစေရန်အတွက် "လက်ယာဘက်အစွန်ဆုံး ယာဉ်ကြောကိုကပ်လို့ သုံးဘီးတပ်ယာဉ်နှင့်မော်တော်ဆိုင်ကယ်မောင်းနှင်စို့" လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ ဆောင်ရွက်သည်။