ညောင်ဦးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်ဟောပြော
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ဇန်ဝါရီ ၂၈ ရက် နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည်။