မန္တလေးတိုင်းဒေသကြီး

နိုင်ငံတကာနှင့်ပူးပေါင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ဇန်နဝါရီ ၂၇ ရက်နေ့တွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲညွှန်ကြားရေးမှူး ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများ ပါဝင်သောအဖွဲ့များနှင့်အတူ ပုဂံယဉ်ကျေးမှုဒေသတွင် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်  ရှေးဟောင်း အဆောက်အအုံအမှတ် - ၁၅၉၇ (သဗ္ဗညု) ဘုရား၊ ၁၆၇၀(မဟာဗောဓိ)ဘုရားနှင့် ၅၀၅ (အရှေ့ကဿပ)ဘုရားတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ရှေးဟောင်းအဆောက်အအုံ အမှတ် - ၁၅၉၇(သဗ္ဗညု)ဘုရားတွင် ပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်နေသည့်  တရုတ်ပညာရှင်အဖွဲ့က  ထုံးသားလွှာများသန့်စင်၍ နံရံဆေးရေးပန်းချီ ရှိ/မရှိ စမ်းသပ်ခြင်းနှင့်ပေါင်းကူးအမိုးကျွံ ကျနေခြင်းအား အုတ်အစား ထိုးပြုပြင်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ တတိယထပ်မြောက် ဘက်ပစ္စယံခုံကို Dry Cleaning နှင့် Wet Cleaning ဖြင့် ချေးချွတ်သန့်စင်ခြင်းကို စမ်းသပ်ဆောင်ရွက်ထားကြောင်း၊ အဆောက်အအုံ၏အခြေအနေအား သိရှိနိုင်ရန် စောင့်ကြည့်စက်များ တပ်ဆင်ထားပါကြောင်း၊ ထိန်းသိမ်းရေးလုပ်ငန်းများကို လျာထားလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြသသည်။

မိတ္ထီလာမြို့နယ်သမဝါယမအသင်းစု (လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မိတ္ထီလာမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁ဝ နာရီက မြို့နယ်သမဝါယမအသင်းစု (လီမိတက်) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ စမ်းသပ်ကွက် တောင်သူကွင်းသရုပ်ပြပွဲ ကျင်းပ

ရမည်းသင်းမြို့နယ်၊ ဆည်ကြီးအုပ်စု၊ ဆည်ကြီးကျေးရွာ၌ တောင်သူ ဦးစိုးမင်း၏ မိုးနှောင်းချည်မျှင်ရှည်ဝါ စမ်းသပ်ကွက်တောင်သူကွင်း သရုပ်ပြပွဲ ကို ယနေ့နံနက်ပိုင်းက အဆိုပါကွင်း၌ ကျင်းပသည်။

ဝမ်းတွင်းမြို့၌ ၆၅ ကြိမ်မြောက် သမိုင်းဝင်မြတ်ညီနောင် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်၌ မြန်မာ့ရိုးရာ နွားအလှနှင့် လှည်းပြိုင်ပွဲကြီးကျင်းပမည်

ပုဂံခေတ် ပေါက်ကန်ရာဇာအနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ ၆၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်၍မြန်မာ့ ရိုးရာနွားအလှနှင့် လှည်းပြိုင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ မြန်မာစာပေထဲက ကိုယ်ကျင့်တရားနှင့် စာနာမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဝိုင်းဝန်းလုပ်ဆောင်ပညာပေး ခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ဘက်စုံသုံးခန်းမတွင် ပြုလုပ်သည်။

ရတနာပုံတက္ကသိုလ်၌  အကြမ်းဖက်မှုကြိုတင်ကာကွယ်တားဆီးရေး၊ တိုက်ဖျက်ရေးဆိုင်ရာ စာစီစာကုံး၊ ဆောင်းပါးနှင့် ပိုစတာပြိုင်ပွဲ ကျင်းပ

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေး၊  တိုက်ဖျက်ရေးဆိုင်ရာ စာစီစာကုံး၊ ဆောင်းပါးနှင့် ပိုစတာပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အဆောင်(၁၄) ၌ ကျင်းပသည်။

မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ပြည်ထောင်စုနေ့အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

‎‎မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုအထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မဟာ‌အောင်မြေမြို့နယ်၌ ငလျင်ဒဏ်သင့် နေအိမ်များအတွက်  အိမ်ဆောက်ပစ္စည်းများ ပေးအပ်

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့် လုံးဝပျက်စီးနှင့်တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ပြုပြင်နိုင်ရန် အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ သွပ်)များ ပေးအပ်ပွဲကျင်းပသည်။

တံတားဦးမြို့နယ်၌၂၀၂၆ခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် တစ်ရွာ(၂)ဧက ထင်းစိုက်ခင်း စိုက်ပျိုးရန် ပျိုးပင် ၃၀၀၀၀ ပြုစုစိုက်ပျိုးထားရှိ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့် တစ်ရွာ(၂)ဧက ထင်းစိုက်ခင်း စိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀နာရီက ဇီးချောင်းကျေးရွာတွင် ဆောင်ရွက်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး