ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက် ၈ နာရီတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ဒေသခံပြည်သူများ (၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝန်ထမ်းများသို့ သက်သာသော ဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝန်ထမ်းများသို့ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချပေးနေမှုကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြသည်။

ကျောက်ဖြူခရိုင်ရုံးတွင် ရုံးစာရေးသားနည်းသင်တန်းဆင်းပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ရုံးစာရေးသားနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးမှူးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ စီမံကိန်းအတွက် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာရေး ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ဒေသတွင်းအခြေခံလျှပ်စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကျောက်ဖြူမြို့၌ ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ စီမံကိန်းလုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရေး ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ဒေသတွင်းအခြေခံ လျှပ်စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ကျောက်ဖြူခရိုင်ရုံး Community Centre ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအား  ရုံးစာရေးသားရာတွင် နည်းစနစ်ကျစွာ ရေးသားတတ်စေရန်ရည်ရွယ်၍ “ရုံးစာရေးသားနည်းသင်တန်း” ကို ယမန်နေ့နေ့လယ်ပိုင်းက ဖွင့်လှစ်သင်ကြားပို့ချသည်။

တောင်ကုတ်မြို့၌ မြို့ကျက်သရေဆောင် လောကထွဋ်ခေါင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ မြို့ကျက်သရေဆောင် လောကထွဋ်ခေါင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါစေတီတော်ရှိ ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ကလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ သင်တန်း/ ဆွေးနွေးပွဲ ကျင်းပ

ကလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ်များ၏ ကျန်းမာရေး အဆင့်အတန်းကိုမြှင့်တင်ရန်၊ ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့်ညီညွှတ်သည့် လူနေမှုဘဝပုံစံများ သိရှိကျင့်သုံးစွဲမြဲစေရန်နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းမှတဆင့် တစ်မျိုးသားလုံး ကျန်းမာရေးအဆင့် မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ သင်တန်း/ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သခင်ကိုယ်တော်မှိုင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးကာ ကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ‌ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့တွင် ကမ္ဘာ့ရေနေ့ (WORLD WATER DAY) အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနတို့ပူးပေါင်းကာ ကမ္ဘာ့ရေနေ့ (WORLD WATER DAY) အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား ကြည့်ရှုစစ်ဆေး

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ MV SUN SHINE သင်္ဘောဖြင့် စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းတွင် ရန်ကုန်မြို့မှ လူသုံးကုန်ပစ္စည်းနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးကြသည်။
Subscribe to ရခိုင်ပြည်နယ်