သံတွဲ မတ် ၂၄
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက် ၈ နာရီတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ဒေသခံပြည်သူများ (၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
ရှေးဦးစွာ သံတွဲမြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးပြည့်စုံဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရှိ ရသည်။
ခရိုင်(ပြန်/ဆက်)