ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မဟာသင်္ကြန်ဗဟိုမဏ္ဍပ်များသို့သွားရောက်ပြီး ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုနှင့် ပြည်နယ်ဝန်ကြီးများကိုယ်စားပြုမဏ္ဍပ်များအား လှည့်လည်ကြည့်ရှုအားပေး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်တို့သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မဟာသင်္ကြန်ဗဟိုမဏ္ဍပ်များသို့သွားရောက်ပြီး ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုနှင့် ပြည်နယ်ဝန်ကြီးများကိုယ်စားပြုမဏ္ဍပ်များအား လှည့်လည်ကြည့်ရှုအားပေးသည်။