ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ ညနေ (၆) နာရီက ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်၊ ဗျူးပွိုင့်အနီးမဏ္ဍပ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၆၀)ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲသို့ တက်ရောက်ပူဇော်

(၆၀) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်-မြန်မာ သက္ကရာဇ် ၁၃၈၆-ခု၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ခိုင်သဇင်ခန်းမ၌ ကျင်းပရာ စစ်တွေမြို့ပေါ်မှ သက်ကြီးအဘိုး၊ အဘွားများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကော်မတီဝင်များနှင့် အလှူရှင်များ တက်ရောက် ပူဇော်ကြသည်။

မာန်အောင်မြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားဒေသစာရီလှည့်လည်ပူဇော်ခံပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့  မြို့မကျောင်းကြီး ကုသိနာရုံအဖွဲ့ကကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ခံပွဲကို ယမန်နေ့နံနက် ၇ နာရီက မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည် ပူဇော်ခံခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် ၁၃၈၅ ခု၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၅ ခု၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၆) နာရီက ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်၊ ဗျူးပွိုင့်အနီး မဏ္ဍပ်နေရာ၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲတက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ယမန်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ယိမ်းအကအဖွဲ့များ၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ကျိန္တလီမြို့၌ မဟာသင်္ကြန်အတက်နေ့ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်သူများနှင့် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ဘုန်းတော်ကြီးကျောင်းများ၌ မဟာသင်္ကြန်အတက်နေ့ ယနေ့နံနက် (၈)နာရီအချိန်တွင် ဥပုသ်သီလဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကြတ်) နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မာန်အောင်မြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ ရန်အောင်မြင်စေတီတော်ဝင်းအတွင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ ရန်အောင်မြင်စေတီတော်ဝင်းအတွင်း နှစ်စဥ်ကျင်းပမြဲဖြစ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရန်အောင်မြင်စေတီတော်ဂေါပကအဖွဲ့မှ စီစဥ်မှုဖြင့် ယမန်နေ့ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကျိန္တလီမြို့၊ ကြွေချိုင်ကျေးရွာ၌ မဟာသင်္ကြန်အကြတ်နေ့ဘုန်းတော်ကြီးကျောင်းတွင် ဥပုသ်သီလဆောက်တည်သူများနှင့် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ကြွေချိုင်ကျေးရွာ စန္ဒာရာမိကဓမ္မကထိက ဘုန်းတော်ကြီးကျောင်း၌ မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက် (၈) နာရီအချိန်တွင် ဥပုသ်သီတင်းဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မဟာသင်္ကြန်ဗဟိုမဏ္ဍပ်များသို့သွားရောက်ပြီး ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုနှင့် ပြည်နယ်ဝန်ကြီးများကိုယ်စားပြုမဏ္ဍပ်များအား လှည့်လည်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်တို့သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မဟာသင်္ကြန်ဗဟိုမဏ္ဍပ်များသို့သွားရောက်ပြီး ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုနှင့် ပြည်နယ်ဝန်ကြီးများကိုယ်စားပြုမဏ္ဍပ်များအား လှည့်လည်ကြည့်ရှုအားပေးသည်။
Subscribe to ရခိုင်ပြည်နယ်