မာန်အောင်မြို့နယ်တွင် မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့နယ်၌ မြို့နယ် (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ဖွင့်လှစ်သည့် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။