ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများကျင်းပ
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံး ၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ရာ မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့၀င်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့၀င်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်ပတ်ကြည့်ရှုအားပေးကြသည်။