တောင်ကုတ်မြို့နယ်၌ လူဦးရေးစာရင်းမှန်ကန်ရေး မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းများ ကောက်ယူနေမှုအား ကြီးကြပ်မှုကော်မတီများမှ ကြီးကြပ်ကြည့်ရှု
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီ(၉)ရက်နေ့မှစ၍(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့(၈၇)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်းဆက်လက် ကောက်ယူလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီ အချိန်တွင် ခရိုင်၊မြို့နယ်(Working Group)မြေကွင်းဆင်း စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကင်းတောင်စံပြကျေးရွာအတွင်း စာရင်းများကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။