စစ်တွေမြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတိုက်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
ရခိုင်ပြည်နယ် စစ်တွေမြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတိုက်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပရာ၊ စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ အမှတ် ၃၇ မူးယစ်တပ်ဖွဲ့စု(စစ်တွေ) တပ်ဖွဲ့စု ရဲမှူးခင်မောင်လွင်၊ ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲ(၅)မှ ဒုခွဲမှူးရဲမှူးသက်နိုင်ဦး၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ (၁၂၀)ဦးခန့် တက်ရောက်သည်။