ရခိုင်ပြည်နယ်

မြောက်ဦးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟာလာဆန်စက်များသို့ ကွင်းဆင်းစစ်ဆေးလျှက်ရှိ

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့နယ်အတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က ဆူးရာဇ်ချောင်းကျေးရွာရှိ ဟာလာဆန်စက်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် တေးဂီတဖျော်ဖြေပွဲ လာရောက်ကြည့်ရှုအားပေးသူများဖြင့် စည်ကား

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ၈ ရက်နေ့ထိ စစ်တွေမြို့၊ ဝေသာလီအားကစားကွင်း၌ ကျင်းပလျက်ရှိရာ လာရောက်ကြည့်ရှုအားပေးကြသည့် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဂွမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲ(၁၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းပြားမြို့၌  ပြားမြို့နယ်နှင့်ပေါက်မြို့တောနယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မင်းပြားမြို့နယ်၌မင်းပြားမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပေါက်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို မင်းပြားမြို့နယ် မြို့မအားကစားဘောလုံးကွင်း၌  ယနေ့ နံနက် ၈ နာရီအချိန်က  ကျင်းပပြုလုပ်သည်။

မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အထက(သဲတန်း)ကျောင်း၌ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဟောပြောပွဲ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.ထ.က (သဲတန်း)ကျောင်း၌  လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲတို့ကို ယမန်နေ့ညနေ (၃)နာရီအချိန်က ကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၂-ခုနှစ် လ.က.စနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၂၀၂၂ ခုနှစ်) လ.က.စနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆွေးနွေးပွဲကို ယမန်နေ့၊ နံနက်ပိုင်းက အဆိုပါ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မြေပုံမြို့အထက(သဲတန်း)ကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးရန် လူငယ်စကားဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ အထက(သဲတန်း)ကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးလူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လည်(၂)နာရီအချိန်က ကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးအတွက် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နေ့လည်(၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ဌာနများအရောက်စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

မီးတိုက်ကျေးရွာ အ.လ.က(ခွဲ)ကျောင်း၌ (ဒုတိယ)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ် ၊မီးတိုက်ကျေးရွာ၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ (ဒုတိယ) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ယနေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်