ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင်အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းစာဖတ် စာငှားပုံမှန်ဆောင်ရွက်ပေး
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယမန်နေ့ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာဖတ်၊စာငှားစနစ်ဖြင့်ပုံမှန်ဆောင်ရွက်လျက်ရှိကြသည်။