ကျိန္တလီမြို့တွင် မူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အခြေခံပညာမူလတန်းဆင့်တွင် သင်ကြားပြသနေသော ဆရာ/မများအား အတန်းလိုက် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်များ မြင့်မားလာစေရန် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က ကျိန္တလီ ရွှေကိန္နရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။