မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေးကဏ္ဍ စီမံကိန်းကျေးရွာ(၃)ရွာသို့ရန်ပုံငွေလွှဲပြောင်းပေးအပ်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စိုက်ပျိုးရေးကဏ္ဍ စီမံကိန်းကျေးရွာ(၃)ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။