မာန်အောင်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီက အနောက်စုရပ်ကွက်ရှိ မာန်အောင်မြို့ မြို့ဝင်/ထွက် ဆိုင်းဘုတ်အနီး၌ ပြုလုပ်ခဲ့သည်။