တောင်ကုတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ပြင်ဆင်စုဖွဲ့ဆောင်ရွက်ထားရှိမှုနှင့် သရုပ်ဖော်ဇာတ်တိုက်လေ့ကျင့်မှုတို့ကိုကြည့်ရှုစစ်ဆေး
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းအများအတွက် ပြင်ဆင်စုဖွဲ့ဆောင်ရွက်ထားရှိမှုနှင့် သရုပ်ဖော်ဇာတ်တိုက်လေ့ကျင့်မှုတို့ကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ခရိုင်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရုံးရှေ့၌ဆောင်ရွက်ရာ ခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့က ကြည့်ရှုဆေးခဲ့ကြောင်း သိရသည်။