ပေါက်တောမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေး
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အတွင်း ကျရောက်မည့် သဘာဝဘေးနှင့်ဆိုင်ကလုန်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာဝန်ရှိသူ များမှ ယမန်နေ့ညပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။