ရခိုင်ပြည်နယ်

ရသေ့တောင်မြို့၌ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို မုန်တိုင်းမကျရောက်မီ မီဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရာချထားရေး အထူးအလေးထား ဆောင်ရွက်ရန်၊ မြို့နယ်ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက  ပြည်သူများသို့အသိပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာအုပ်စုရှိ ထိခိုက်လွယ် ကျေးရွာများဖြစ်ကြသည့် ဆားပြင်ကြီးကျေးရွာ၊ ဆားပြင်ချေကျေးရွာ၊ ပန်ဇင်းမော်ကျေးရွာ၊ ဦးဂါကျေးရွာတို့နှင့် လောင်းချောင်းနယ်မြေ အငူမော်ကျေးရွာအုပ်စု၊ အငူမော်၊ အငူမော်ကုန်တန်း၊ မကျည်းချောင်းကျေးရွာများ၌ အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်း ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် လိုက်လံအသိပေးဆောင် ရွက်ခဲ့သည်။

ကျောက်တော်မြို့၌ သဘာဝဘေးအန္တရာယ်ကင်းစင်ရေး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်  ဦးဆောင်ကျင်းပသည့် သဘာဝဘေးအန္တရာယ်ကင်းစင်ရေး အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွက်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅နာရီက မြို့နယ်သာသမာ့ဗိမာန် တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မာန်အောင်မြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၇ နာရီက လူစည်ကားရာ နေရာများဖြစ်သည့် မြို့ပေါ်ရပ်ကွက်များနှင့်‌ စျေးများအတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။

မာန်အောင်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူ

ရခိုင်ပြည်နယ်မာန်အောင်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းကမြို့နယ်ပညာရေးမှူးရုံးရှေ့၌ စိုက်ထူခဲ့ကြကြောင်း သိရသည်။

အမ်းမြို့နယ်အောက်ရွာကျေးရွာ၌နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ အောက်ရွာကျေးရွာ၌စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ ဦးဇော်မျိုးထက်တို့ပူးပေါင်းဆောင်ရွက်ထားသော လယ် ၁၀ ဧကတွင်  စိုက်ပျိုးသည့် နွေစပါးစံကွက် ရိတ်သိမ်းပွဲကို မေလ ၉ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အမ်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာ ဆိုင်းဘုတ်များစိုက်ထူ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရခိုင်ပြည်နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ ၉ ရက်နေ့ ည​နေပိုင်းတွင်  အမ်းမြို့အ.ထ.က(၁)နှင့်ခရိုင် ပညာရေးမှူးရုံးရှေ့၊အမှတ်( ၃)စျေးရပ်ကွက် လမ်းဆုံအောက်ရွာ ကျေးလမ်းဆုံတို့တွင် စိုက်ထူခဲ့ကြသည်။

 သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်းများသို့ ပြောင်းရွှေနေထိုင်ရေး ကွင်းဆင်းစစ်ဆေး

သံတွဲမြို့နယ်၊ ငပလီမြို့ရှိ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့နေထိုင်ရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို ယနေ့ ညနေ ၃ နာရီက  နာရီက  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှတာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

သံတွဲမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရခိုင်ပြည်နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင်  သံတွဲမြို့အ.ထ.က(၁)၊ မြို့နယ် ပညာရေးမှူးရုံးနှင့် ငပလီမြို့ မီးပွိုင့်လမ်းဆုံတို့တွင် စိုက်ထူခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်