ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု၊ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ်ပွဲတက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းနှင့် ပူးပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများမှစုပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က ဘူးသီးတောင်မြို့ မြို့သစ်ရပ်ကွက်ရှိ မြို့မဓမ္မာရုံ၌ ကျင်းပသော မြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်း(၂၈)ကျောင်းမှ ပင့်သံဃာတော်(၂၈) ပါးတို့အား စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဘူးသီးတောင်မြို့ အေးစေတီကျောင်းတိုက်ဩဝါဒစရိယ ဆရာတော်ဘဒ္ဒန္တသောမထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္တုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့်တာဝန်ရှိသူများသည် နတ်မြစ်အနီးကမ်းစပ်တစ်လျှောက်တွင် ဒီရေတောပင်များသွားရောက်စိုက်ပျိုး

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ နတ်မြစ်အနီး ကမ်းနားတစ်လျှောက် ဒီရေတောပင်များ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန် နတ်မြစ်ဝအတွင်း ကမ်းစပ်အနီး ဒီရေတော သွားရောက်စိုက်ပျိုးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက  စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ မောင်တောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ အဖွဲ့များခွဲကာ သတ်မှတ်ထားသော ဘုန်းတော်ကြီးကျောင်းများအလိုက် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

မင်းပြားမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဘုန်းတော်ကြီးကျောင်း၌ ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့ဖြင့် သန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့ဖြင့် မြို့ပေါ်ရပ်ကွက်ရှိ ရတနာ့ဗိမာန် စာသင်တိုက်ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်သည်။

mTube Streaming လွှင့်တင်နည်း သင်တန်းသံတွဲ၌ဖွင့်လှစ်

သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် mTube Streaming လွှင့်တင်နည်းသင်တန်းကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မာန်အောင်မြို့ မြို့မကျောင်းကြီးဦးစီးပဓာနနာယက လွန်တော်မူဆရာတော် (ဘဒ္ဒန္တဣဿရိယ)၏ (၁)နှစ်ပြည့်အထိမ်းအမှတ်ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့  မြို့မကျောင်းကြီး၏ ဦးစီးပဓာန နာယက၊ အနန္တဂိုဏ်းဝင်ကျေးဇူးရှင် လွန်တော်မူဆရာတော်ကြီး(ဘဒ္ဒဣဿရိယ)၏ (၁)နှစ်ပြည့်အထိမ်းအမှတ် ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီခွဲက အဆိုပါ ကျောင်း ၌ကျင်းပခဲ့သည်။

ပေါက်တောမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဆန်နီအုန်း စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြပွဲ သို့ တက်ရောက်ခြင်း

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာများရှိ တောင်သူများ အသုံးပြုနိုင်ရေးအတွက် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က နတ်တောင်ပြင်ကျေးရွာတွင် ပြုလုပ်ခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးထွန်းဝေ မောင်တောခရိုင်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးအား စစ်ဆေးကြည့်ရှုပြီး ၀န်ကြီးဌာနအောက်ရှိ ၀န်ထမ်းများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြား

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ယမန်နေ့နံနက်ပိုင်းက  မောင်တောခရိုင်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှိ ၀န်ထမ်းများနှင့် တွေ့ဆုံကာ ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာ၀န်များကို ကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် ဦးစီးဌာန၏​ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ပြည့်မှီ အောင်ဆောင်ရွက်စေရေး အတွက် လမ်းညွန်မှာကြားခဲ့ပြီး ဌာနရုံးအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇောပူဂျာကျေးရွာနှင့် မောင်နီပြင်ကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကြသည်။
Subscribe to ရခိုင်ပြည်နယ်