ရခိုင်ပြည်နယ်

ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ၏ ပုံတူ(ကြေး)ရုပ်တုတော်အား လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တည်ရှိရာသို့ပင့်ဆောင်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စစ်တွေမြို့ ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ဘဒ္ဒန္တကုလရက္ခိတ၏ ပုံတူအမြင့်(၆)ပေရှိ(ကြေး)ရုပ်တုတော်ကို လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဘုရားဝင်းအတွင်းတွင် တည်ထား ကိုးကွယ်နိုင်ရန် တောင်ကုတ်မြို့မှမာန်အောင်မြို့သို့ အလင်းရောင်သင်္ဘောဖြင့် ပင့်ဆောင်လာရာ ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက် ၉ နာရီက မြို့မဆိပ်ကမ်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် ပြည်သူများက ကြိုဆိုပူဇော်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets) အသက်ကယ်ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets)အသက်ကယ် ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကညင်ချောင်းစီးပွားဇုန်တွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

အမ်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ်က ဇာဒီမော်ကျေးရွာ အခြေခံပညာမှုလတန်းကျောင်း၌ ကျင်းပခဲ့သည်။

အမ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ကျန်းမာရေးအသိပညာဗဟုသုတရရှိရေး အသိပညာပေးဟော ပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ လယ်က စျေးရပ်ကွက်၊ ဇာဒီမော်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်အသိ ပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်မောင်တောမြို့တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၀ ရက်နေ့နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်ကာ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါး ပျိုးခင်းအား ဓာတ်မြေဩဇာ ကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပေါက်တောမြို့၌ ကျင်းပ

ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ပေါက်တောမြို့ရှိ မြို့နယ် ခန်းမခြံဝန်းအတွင်း ကွင်းပြင်၌ ကျင်းပသည်။

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာတွင် တောင်ပြိုယာကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မီးတိုက်ကျေးရွာအတွင်းရှိ ကလေးသူငယ်များအား ရောဂါကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မောင်တောမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တောင်ပြိုလက်ဝဲမြို့၊ တောင်ပြိုယာကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဒေါ်စမ်းစမ်းမြင့်အောင် ဦးဆောင်၍ ဝန်ထမ်းများက မီးတိုက်ကျေးရွာတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ကာ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပေါက်တောမြို့မှ ခရီးသည်များပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်အား အန္တရာယ်ကင်းရှင်းစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် ပေါက်တောမြို့မှ စစ်တွေမြို့သို့ ခရီးသည်များ ပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်ဖြင့် ခရီးသွားလာကြသည့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ပေါက်တောမြို့ရှိ ရွှေပြည်တန်အ​မြန်ရေယာဥ် ဆိပ်ကမ်းဖောင်တော်မှ ထွက်ခွာမည့်ခရီးသည်တင် ရွှေပြည်တန်အမြန်ရေယာဥ်အား ကြံ့ခိုင်မှုအပါအဝင်စည်းကမ်းချက်များ ညီညွတ်မှု ရှိ၊မရှိ ပေါက်တောမြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြသည်။

ပုဏ္ဏားကျွန်းမြို့၌ လူငယ်များဘက်စုံထူးချွန်စေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်လာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်