ရခိုင်ပြည်နယ်

သံတွဲမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် ယနေ့မွန်းလွဲ ၁၁ နာရီမှ စတင်၍ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်ရှိ ပုလဲရတနာဘုန်းတော်ကြီးစာသင်ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်းနှင့်အတူ ဝန်ထမ်းများသည် တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်(၉)နာရီအချိန်က ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

နမ္မတူတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေး အဆင့်မြှင့်ကျောင်း ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ခရိုင်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဇော်ဝင်းနှင့်အတူ  ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့ ဒေသဖွံဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

မောက်မယ်မြို့နယ် အ.ထ.က၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်၉နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၌ ကျင်းပပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကုန်းသာကျေးရွာအခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက်(၉)နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ အကြောင်း အရာများအား ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ "လူငယ်စကားဝိုင်း" ကျင်းပ

ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတများ ကြွယ်ဝစေရန်အတွက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီက လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများစုပေါင်း၍   စေတီယျတောင် တောင်စောင်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်ကြသည်။

ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ၏ ပုံတူ(ကြေး)ရုပ်တုတော်အား လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တည်ရှိရာသို့ပင့်ဆောင်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စစ်တွေမြို့ ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ဘဒ္ဒန္တကုလရက္ခိတ၏ ပုံတူအမြင့်(၆)ပေရှိ(ကြေး)ရုပ်တုတော်ကို လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဘုရားဝင်းအတွင်းတွင် တည်ထား ကိုးကွယ်နိုင်ရန် တောင်ကုတ်မြို့မှမာန်အောင်မြို့သို့ အလင်းရောင်သင်္ဘောဖြင့် ပင့်ဆောင်လာရာ ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက် ၉ နာရီက မြို့မဆိပ်ကမ်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် ပြည်သူများက ကြိုဆိုပူဇော်ခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်