သံတွဲမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကျေးရွာနေပြည်သူများထံသို့ ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ကျန်းမာရေး၊ ပညာရေး စသည့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကျေးရွာနေပြည်သူများထံသို့ ကွင်းဆင်းအသိပညာပေးခြင်းကို ဩဂုတ်လ ၁၈ရက်နေ့ နေ့လယ် (၁၁:၃၀) နာရီက သံတွဲမြို့၊ ရွှေလှေခေတ်မီစံပြကျေးရွာ၊ သဒ္ဓမ္မဇောတိပါလဘုန်းတော်ကြီးကျောင်း၌ ကျေးရွာနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံ ဆောင်ရွက်ခဲ့ကြသည်။