ရခိုင်ပြည်နယ်

ကျိန္တလီမြို့၌ ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ကျိန္တလီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

ပေါက်တောမြို့ရှိ မြို့မအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပေါက်တောမြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက မြို့စည်ပင်သာယာရေးရုံးနှင့် မြို့လျှပ်စစ်ရုံးရှိ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ကျောက်တော်မြို့ လုထုအခြေပြုဗဟိုဌာန၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲများပြုလုပ်

လူငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ လေ့လာဖတ်ရှုတတ်စေရန်၊ အနာဂတ်တွင်အားကိုး အားထားရသော လူတော်၊ လူကောင်း၊ လူရည်မွန်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးသည့် လူငယ်ပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

မောင်တောမြို့၌ လူငယ်နှင့်ဗဟုသုတအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကျင်းပ

မောင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ လူငယ်နှင့် ဗဟုသုတအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သန်းခေါင်စာရင်းယူနစ်များ (Census Unit) ဖွဲ့စည်းခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲတက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံ၌ကျင်းပသော သန်းခေါင်စာရင်းယူနစ်များ(Census Unit) ဖွဲ့စည်းခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲသို့တက်ရောက်ပြီး ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့်ကျေးရွာများအား လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် ထောက်ပံ့ထားသော ပစ္စည်းများလက်ခံရရှိ ခြင်းရှိ/ မရှိနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါသည့်အဖွဲ့သည့် ယနေ့နေ့လယ် ၁၂ နာရီအချိန်ခန့်က ပေါက်တောကြီးကျေးရွာနှင့် လေးကန်ကျေးရွာတို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် ရခိုင်ပြည်နယ် ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပဲနို့တိုက်ကျွေးခြင်းအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် ရခိုင်ပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပဲနို့တိုက်ကျွေးခြင်းအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(မေယုရတနာခန်းမ)၌ကျင်းပပြုလုပ်သည်။

စစ်တွေခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ရသေ့တောင်မြို့နယ်က ပြိုင်ပွဲဝင် ( ၁၁ ) ဦးဝင်ရောက်ယှဉ်ပြိုင်မည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကို စက်တင်ဘာလ ပထမပတ်အတွင်း ကျင်းပသွားမည်ဖြစ်ရာ ရသေ့တောင်မြို့နယ်အတွင်းက ပြိုင်ပွဲဝင် (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရှိရသည်။

အမ်းမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးဖြင့် (အခမဲ့) ကျန်းမာရေး စောင့် ရှောက်ပေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ စစ်ကြောင်း(၅)ကြောင်း ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စခမ်း မော်ကျေးရွာ ဓမ္မာရုံ၌ ယနေ့‌ နံနက် (၁၀) နာရီ အချိန်က ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်