ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားပေါက်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသအတွင်း ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး၊ လူမှုစီးပွားဘဝမြင့်မားလာစေရေး၊ ဝင်ငွေပိုမိုရရှိနိုင်ရေးအတွက် အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားပေါက်ခြင်း နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျဘက်ကံပြင်ကျေးရွာရှိ ရေချိုငါးသားပေါက်စခန်းစခန်းရုံး၌ ပြုလုပ်ခဲ့သည်။