မာန်အောင်မြိုနယ်မှ(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင်ဝင်ရောက် ယှဥ်ပြိုင်မည့်ပြိုင်ပွဲ ဝင်များအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဝတ်စုံများပေးအပ်
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်း အစဥ်အလာများကို လေးစားပြီး အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက်စေရန်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ခရိုင်အဆင့်တွင် မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဥ်မည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဝတ်စုံများထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။