ရခိုင်ပြည်နယ်

အမ်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို  ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျောင်းရှိ ပညာ ရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဆန်းဝင်း မြို့နယ်လက်ထောက်ပညာရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစန်းဝင်းနှင့်ဝန်ထမ်းများ၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်း အုပ်ဆရာကြီးဦးဝင်းနိုင်စိုး ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး HPV ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်းကို ယနေ့၊ နံနက် ၁၁ နာရီက ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)စတင်ထိုးနှံပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ကစတင်၍ ‌အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်ကျောင်းသူများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျောင်းအလိုက်ဆရာ၊ဆရာမများက ကြီးကြပ်ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားဆရာမနှင့်ကျန်းမာရေးဆရာမများက သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ကို လမ်းညွှန်ချက်နှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိသည်။

ဘူးသီးတောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင့်နှင့် သရုပ်ပြ အခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအသိပေးဆွေးနွေးပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) စနစ်တကျထိုးနှံနိုင်ရေး အသိပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ စားသောက်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့ ဈေးကြီးအတွင်း၌ ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် အစားအသာက်ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ယမန်နေ့နေ့လယ်(၁၂)နာရီက စားသုံးသူရေးရာဦးစီးဌာနနှင့်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မြေပုံမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား (ကျောင်းအခြေပြု)သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား (ကျောင်းအခြေပြု)သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိအခြေခံပညာကျောင်းများ၌ စတင်ထိုးနှံပေးလျက်ရှိသည်။

ကျိန္တလီမြို့၌ အသက် (၉)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က (စံပြ)ကျောင်းတွင် အသက်(၉)နှစ်မှ (၁၂)အထိကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (Human Papilloma Virus Vaccine - HPV) ကို ယမန်နေ့နံနက် (၉)နာရီအချိန်မှစတင်၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

ရသေ့တောင်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV စတင်ထိုးနှံ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (၂) ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Subscribe to ရခိုင်ပြည်နယ်