ရခိုင်ပြည်နယ်

မြေပုံမြို့နယ်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ ဈေးကွက်အတွင်းရှိ ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုး ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ ဈေးကွက်အတွင်း ကလေးအာဟာရ ဖြည့်စွက်စာရောင်းချနေမှုကို ယနေ့ နေ့လယ် (၁) နာရီ အချိန်က မြို့မ ဈေးနှင့် ရပ်ကွက်များအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့နေ့လယ်ပိုင်းက သံတွဲမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုကြသည်။

မြောက်ဦးမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့သစ်ရပ်ကွက် အ.မ.က(မူလွန်)ကျောင်း၌ ကျန်းမာရေး ဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သည့် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြု စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် သတ်မှတ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများက စနစ်တကျထိုးနှံနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ရမ်းဗြဲမြို့၌ ဂုဏ်ထူးကျော် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ရမ်းဗြဲမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက၊ ဂုဏ်ထူးကျော် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်တောမြို့နယ် အခြေခံပညာ အ.လ.က(ခွဲ) ကျောက်ဆိပ်ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာ အ.လ.က(ခွဲ) ကျောက်ဆိပ်ကျောင်းရှိ  စုပေါင်းခန်းမ၌ ကျင်းပသည်။

သံတွဲခရိုင် ငပလီမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး

သံတွဲခရိုင်၊ ငပလီမြို့အတွင်းရှိ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ငပလီမြို့၊ အ.ထ.က (ခွဲ) လင်းသာကျောင်း၌ အ.ထ.က (ခွဲ)လင်းသာ၊ အ.လ.က(ခွဲ) မြပြင်ကျောင်းမှ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးလျက်ရှိသည်။

မအီမြို့ အထက်တန်းကျောင်း၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မအီမြို့ အ.ထ.က ကျောင်းခန်းမ၌ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ဦးဆောင်ကြီးမှူး၍ အမျိုးသမီးကျန်းမာရေး ဆရာမများက အသက် ၉ နှစ်ပြည့်ပြီး၊ ၁၂ နှစ်မကျော်သော ကျောင်းသူလေးများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မာန်အောင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်