ရခိုင်ပြည်နယ် မောင်တောမြို့၌ ဝိမလရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ညနေ ၄ နာရီ အချိန် မြို့မအနောက်ရပ်ကွက်၊ ဝိမလရပ်ကွက်နေ ပြည်သူများသို့ စားသုံးဆီများ ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။