ဂွမြို့နယ်တွင် အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများထံ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့ ညနေပိုင်းတွင် အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြသည်။