Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေကျီးနားမဟာစေတီတော်မြတ်ကြီး၏ (၁၄၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 10,2020
ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ သမိုင်းဝင်ရွှေကျီးနားမဟာစေတီတော်မြတ်ကြီး၏ (၁၄၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရွှေကျီးနားစေတီတော်မုခ်ဦးဝ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအား နွေရာသီအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေး လျက်ရှိ
Mar 10,2020
ကျောင်းသားလူငယ်များ အားလပ်ရက်ရှည်ဖြစ်သော နွေရာသီအချိန်အခါတွင် အချိန်ကို အလဟဿ မဖြစ်စေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ အားကစားစိတ်ဓါတ် ပိုမိုမြင့်မားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တမျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသည့် အားကစားနည်းများကို အလေးပေးသင်ယူလေ့ကျင့်နိုင်စေရန်နှင့် နွေရာသီအားကစားသင်တန်းမှတစ်ဆင့် အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ဖော်ထုတ်လေ့ကျင့်ပေးခြင်းဖြင့် အရည်အသွေးမြှင့် အားကစားသမားများ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နွေရာသီ အားကစားသင်တန်းကို ဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူရန်အတွက် ပန္နက်ရိုက်ဆောင်ရွက်
Mar 10,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့တည် နှစ်တစ်ရာ အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူရန်အတွက် ပန္နက်ရိုက်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ရပ်ကွက်(၄)လမ်းဆုံ တွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်
Mar 10,2020
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်
Mar 10,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိက ဝက်အပြင်းဖျားရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်များ အသိ ပညာပေးခြင်းကို သီပေါမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်က သီပေါမြို့နယ်၊ ပန်မိတ်ကျေးရွာအုပ်စု၊ ပန်မိတ်ကျေးရွာနှင့် ပန်ညုကျေးရွာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းအဆောက်အဦအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Mar 10,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့် အခြေခံပညာ အထက်တန်းကျောင်း(ကျောက်တလုံး)သို့ မီးဘေး လုံခြုံရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စသည်တို့ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ညနေ (၄)နာရီက တာဝန်ရှိသူများတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်မြို့ရှိ ပသိခန်းမ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေးဆောင်ရွက်
Mar 10,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ရှိ ပသိခန်းမ အကြီးစားပြင်ဆင် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ(၄)နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က သွားရောက်စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးကြည့်ရှုစစ်ဆေး
Mar 10,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အတွင်းရှိကျောင်းသား/ ကျောင်းသူများ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟွမ်ဦးနှင့် မြို့နယ်ပညာရေးကော်မတီဝင်တို့က ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ဖြေဆိုမည့်ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29027
Page
29028
Page
29029
Page
29030
Current page
29031
Page
29032
Page
29033
Page
29034
Page
29035
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department