Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘောလခဲ−ဒီးမော့ဆို−လွိုင်ကော်−ရန်ကုန် မိုးကောင်းကင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းသစ်ဖွင့်လှစ်
Mar 12,2020
ကယားပြည်နယ် အတွင်းရှိ မိဘပြည်သူများ ခရီးသွားလာ လွယ်ကူအဆင်ပြေစေရန်အတွက် မိုးကောင်းကင် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ဘောလခဲ−ဒီးမော့ဆို−လွိုင်ကော်−ရန်ကုန် မော်တော်ယာဉ်လိုင်းသစ် ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့၊ နောင်ယားကန်အနီး ၊ YGN Food House ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် နာနတ်သီးစိုက်တောင်သူများအား သဘာဝမြေသြဇာထောက်ပံ့ပေးအပ်ပွဲကျင်းပ
Mar 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နာနတ်သီးနှံ(GAP) (Good Agricultural Practice) (၁၁၀၂) ဧက စံပြစိုက်ခင်းတောင်သူများ အား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ မှတ်တမ်းစာအုပ်နှင့် သဘာဝမြေသြဇာ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၉)နာရီအချိန်က နမ့်ရမ်းကျေးရွာရှိ နာနတ်သီးအခြောက်ခံ စက်ရုံတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Mar 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နမ့်ယွန်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်၌ တာဝန်ကျနေသည့် ပရဟိတအသင်းအဖွဲ့များကို ကျန်းမာရေး အထောက်အကူပြုပစ္စည်းများလှူဒါန်း
Mar 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့ နံနက် ၉ နာရီ က မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်များ ဖြစ်ကြသည့် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ် ၊ သိန်းသန်းချီကားကြီးကွင်း ၊ အခြေခံကျောင်းများတွင် တာဝန်ကျနေသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီး လက်ဆေးဆပ်ပြာရည် စုစုပေါင်း(၁၀၀)ဗူးနှင့် နှာခေါင်းစည်းစုစုပေါင်း (၂၃၀၀) ခု ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမ ပါလျှံမီးပွိုင့်အနီး မြေကာနံရံတည်ဆောက်ခြင်းနှင့် ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမ ပါလျှံမီးပွိုင့်အနီး ကွန်ကရစ်လမ်းသားတိုးချဲ့နိုင်ရန် မြေကာနံရံ ပြုလုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့တွင် တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်
Mar 12,2020
တစ်လုံထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျောက်မဲမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျီခါးမြို့၌ ဝဥစိုက်တောင်သူများထံ ဝဥမျိုး ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Mar 12,2020
ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ကျီခါးမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဝဥစိုက်တောင်သူများထံ (ဝဥ)မျိုး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျီခါးမြို့စိုက်ပျိုးရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
Gender, CEDAW, NSPAW အသိပညာပေးဟောပြောပွဲကျင်းပ
Mar 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အမှတ်(၃)ရပ်ကွက်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံမြို့ မူလတန်းကြို ကျောင်း၌ Gender, CEDAW, NSPAW အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ အမျိုးသမီးများ တိုးတက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းနှင့် ကျား၊ မ တန်းတူညီမျှရေး လုပ်ငန်းစဉ်များနှင့် ပက်သက်သည့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29022
Page
29023
Page
29024
Page
29025
Current page
29026
Page
29027
Page
29028
Page
29029
Page
29030
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department