အမြို့မြို့အနယ်နယ်သတင်းများ

Feb 07,2026
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Feb 07,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပသည်။
Feb 07,2026
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
Feb 07,2026
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(မကွေး)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား အကြို‌လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်‌မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများမှပါမောက္ခချုပ်များနှင့်ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။
Feb 07,2026
မကွေးတိုင်းဒေသကြီး တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ပထမပုံမှန် အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ စနစ်တကျကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ဦးစီးကော်မတီအစည်းအဝေး(၂/၂၀၂၆)ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ပထမထပ် VIP Meeting Room ၌ ပြုလုပ်ခဲ့သည်။
Feb 06,2026
မွန်ပြည်နယ်၊ မုဒုံမြို့၌  ၂၀၂၆ ခုနှစ် (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။
Feb 06,2026
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မီပြီးခမ်းနားထည်ဝါသည့် မြို့တော်ခန်းမသစ် တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့၏ငွေလုံးငွေရင်း ဘဏ္ဍာ ရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က စတင်တည်ဆောက်ခဲ့ရာ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်တွင် အဆောက်အဦ တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Feb 06,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နှင့် ကျေးလက်ဒေသတချို့တွင် ကွမ်းစိုက်ခြံတောင်သူများအထွက်နှုန်း အနည်းငယ်ကျဆင်းသော်လည်း ဈေးကွက်ကောင်းမွန် ၍ ဝင်ငွေပုံမှန်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။