ရေကြည် မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူနည်းပညာပြန့်ပွားရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၈) နာရီအချိန်က ဆပ်ကွင်းကျေးရွာအုပ်စု၊ စည်ဂွ ကျေးရွာ၊ သာသနာ့ဝိဘူလရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာစိုက်မွေးဆည်ဝန်ကြီးဌာနကိုယ်စားပြု ကျုံပျော်ခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်နှင့် ရေကြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်အိအိချော၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရန်နိုင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်စိုးတို့မှ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများပြောကြား၍ ရေကြည်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းက တောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ပိုးသတ်ဆေး ဓါတ်ကြွင်းကျန်မှုမရှိစေရန် ဆောင်ရွက်ရမည်ကိစ္စရပ်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲ့သို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးခင်စိုး၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်အိအိချော၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဝင်း၊ ရေကြည်မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ စုစုပေါင်းအင်အား (၁၅၀) ဦး တက်ရောက်ခဲ့ပြီး တောင်သူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)