မြန်အောင် ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာအုပ်စုဖက်တန်းရွာ၊ ရွာသစ်ကုန်းရွာ၊ ဘာဝနာရွာ၊ ရှမ်းစုကျေးရွာများရှိ အိမ်ခြေ ၂၅၀ ခန့်ကို ဧပြီလ ၂၄ ရက်နေ့နံနက်က စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ကျေးရွာအရောက် ကွင်းဆင်းရောင်းချပေးခဲ့သည်။
စားအုန်းဆီကိုယ်စားလှယ် ဒေါ်စန်းစန်းမော်မှ ကျေးရွာအရောက် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေး စားအုန်းဆီတစ်ပိဿာ (၇၆၃၃) ကျပ်ရောင်းချပေးနေမှုအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
မြန်အောင်မြို့နယ်အတွင်း စားအုန်းဆီလက်လီကိုယ်စားလှယ် အရောင်းဆိုင်များတွင် ဆီကိုယ်စားလှယ် (၆) ဦးတို့က တစ်ရက် (၂၆) ပေပါနှုန်းဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်း တစ်လနှစ်ကြိမ် ပုံမှန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)