ဂန့်ဂေါမြို့ မြို့မဈေးတွင် မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေး

ဂန့်ဂေါ ဖေဖော်ဝါရီ ၂၀

အဆိုပါ ကွင်းဆင်းစစ်ဆေးဆမကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဂန့်ဂေါမြို့ မြို့မဈေးကြီးတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ောင်ရွက်ခြင်းကို ဂန့်ဂေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ရဲနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများ၊ မြို့မဈေးကော်မတီဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ လျှပ်စစ်ကျွမ်းကျင်(၃) ဦးဝေဋုကျော်နှင့် ဝန်ထမ်းများသည် ဂန့်ဂေါမြို့ မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများအသင့်ထားရှိစေရေး၊ ဈေးကြီးအတွင်းရှိ ရေလှောင်ကန်များတွင် ရေအသင့်ဖြည့်တင်းထားရှိမှု၊ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများ၊ ဈေးအတွင်း ကုန်ပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဂန့်ဂေါမြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထက်အောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးဇော်ရဲနိုင်နှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မျိုးမင်း