နွေရာသီပန်းချီသင်တန်းတက်ရောက်နေသည့် ကျောင်းသား/သူများအား မြို့နယ်အမျိုးသမီး‌ရေရာ/မိခင်နှင့်ကလေးအဖွဲ့ဝင်များက အာဟာရမုန့်များ ဝေငှ

ချောက် ဖေဖော်ဝါရီ ၂၁

မ​ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ် အမျိုးသမီး‌ရေးရာ/မိခင်နှင့်ကလေးအဖွဲ့ဝင်များက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နွေရာသီပန်းချီသင်တန်း တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား  ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ရေသန့်ဘူးနှင့် အာဟာရမုန့်များ‌ ဝေငှပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဦးစွာ မြို့နယ်အမျိုးသမီး‌ရေးရာ/မိခင်နှင့်ကလေးအဖွဲ့တာ၀န်ရှိသူတစ်ဦးက ကျောင်းသား/သူများ နွေရာသီတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် နွေရာသီသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေမှုအပေါ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း သင်တန်းနည်းပြများ၏ သင်ကြားပို့ချမှုများကို ဂရုပြုလိုက်နာဆောင်ရွက်ကာ တတ်မြောက်အောင် သင်ယူဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်အမျိုးသမီး‌ရေးရာ/မိခင်နှင့် ကလေးအဖွဲ့ဝင်များက သင်တန်းတက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများကို ရေသန့်ဘူးနှင့် အာဟာရမုန့်များ‌ ပေး‌ဝေခဲ့ကြ‌ကြောင်း သိရှိရသည်။

ကျော်မိုး(ပြန်/ဆက်)