ပခုက္ကူ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ရောက်ရှိနေထိုင်ကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဖေဖော်ဝါရီလ ၁၉ ရက်မှစတင်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆန်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပစ္စည်းများကို AHA Center နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းထောက်ပံ့ခြင်းဖြစ်ပြီး ပခုက္ကူမြို့ပေါ်ရပ်ကွက် (၁၅)ရပ်ကွက်အတွင်း ယာယီနေရပ်စွန့်ခွာ ပြည်သူအိမ်ထောင်စု (၁)စုလျှင် ၂၄ ပြည်ပါ ဆန်တစ်အိတ်၊ အဝတ်လျှော်နှင့် ရေချိုးဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပုဝါ၊ အမျိုးသမီးသုံးပစ္စည်းနှင့် အခြားပစ္စည်းများအပါအဝင် အသုံးအဆောင်ပစ္စည်းထုပ်တို့ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စုပေါင်း (၂၂၉၇)စုရှိပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အိမ်ထောင်စု ၂၅၀ စုအတွက် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် ရပ်ကွက်အလိုက် အိမ်ထောင်စုများအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)