ရေနံချောင်း ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးနိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်နှင့်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်ကြီးများဖြစ်သည့် DANKO၊ TAL၊ BOC၊ ရွှေရောင်းလင်းဆိုင်တို့တွင် ဆီရောင်းချမှု၊ ဆီသိုလှောင်မှု၊ ဆီလဲလှယ်မှုများနှင့် မီးဘေးလုံခြုံရေးကိစ္စရပ်များကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားမှုရှိ/မရှိ စစ်ဆေးပြီး ဆိုင်တာဝန်ခံနှင့် ဝန်ထမ်းများအား မီးဘေးလုံခြုံရေး ဆောင်ရန်ရှောင်ရန်အချက်များနှင့် မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုနည်းများကို အသိပညာပေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး