ဖျာပုံ ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏လမ်းညွန်မှုဖြင့် အမှတ် (၈၀) ယာဥ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ) မှ တာဝန်ရှိသူများသည် မြို့နယ်အတွင်း သွားလာလျက်ရှိသော မော်တော်ယာဥ်မောင်းနှင် ကြသူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့ပေါ် လူစည်ကားရာနေရာများတွင် လိုက်လံအသိပညာပေးဆောင်ရွက်ကြသည်။
အဆိုပါယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ရာတွင် အမှတ် (၈၀)ယာဥ်ထိန်းတပ်ဖွဲ့စု(ဖျာပုံ)မှ ဒုရဲအုပ်ဝိုင်းအောင်ချစ်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်း သွားလာလျက်ရှိသော မော်တော်ဆိုင်ကယ်စီးသူများ လိုက်နာရန် စည်းကမ်းချက်များနှင့် ဆောင်ရန်/ရှောင်ရန်များ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ အရည်အသွေးပြည့်ဝသည့် ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းပြီးမောင်းနှင်စေရေး ပညာပေးခြင်း၊ ဆိုင်ကယ်/သုံးဘီး/အနှေးယာဉ်များအား လက်ယာဘက်ယာဉ်ကြောမှကပ်၍ မောင်းနှင်ရန်နှင့် အနှေးယာဉ်များမောင်းနှင်ရန် သတ်မှတ်ထားသည့်မျဉ်းအတွင်းမှ မောင်းနှင် ရန် ပညာပေးခြင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာကြရန်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများလိုက်နာရမည့်အချက်များအား အသေးစိတ် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။
ဖျာပုံမြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးမှုများကို စဥ်ဆက်မပြတ် ဆောင်ရွက်နေကြောင်းသိရှိပြီး ဖျာပုံ-ကျိုက်လတ်ကားလမ်းမကြီး၊ ဖျာပုံမြို့ဝင်၊ မြို့ထွက်စစ်ဆေးရေးဂိတ်ရှေ့နှင့်မြို့နယ်အတွင်း လမ်းဆုံလမ်းဂွများ၊မြို့ဝင်၊ မြို့ထွက်နေရာများတွင် နေ့ရက်အလိုက် လိုက်လံအသိပညာပေးဟောပြော ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်