စစ်ကိုင်း ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက် တောတောင်ဘီလူးကျောင်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ (၆) နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်မင်းကွန်းသွားသည့် လမ်းဘေးရှိ တောတောင်ဘီလူး ကျောင်းတွင် နေထိုင်သည့် ဦးထွန်းနိုင်ဦး (ဘ) ဦးသွင်ထံသို့ 92 ဓါတ်ဆီ များ ရောင်းချရန်အတွက် CANDA – 125 အနီရောင် မော်တော်ဆိုင်ကယ်၏ ဆီပိုက်အား ဖြုတ်၍ ရေသန့်ဗူးထဲသို့ ဖလှယ်ရာမှ အင်ဂျင်ပေါ်သို့ ဓါတ်ဆီကျရောက်၍ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုတွင် LIGHT TRUCK ကားတစ်စီး၊ ဆိုင်ကယ် ၅ စီး၊ ဓါတ်ဆီ (၉၁၀) လီတာနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)