ကြံခင်း ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club, Women Club, Youth Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေသားသော “အခက်ခဲနှင့်အောင်ပွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကဗျာဆရာ ရာဇာငယ်ကနောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကဗျာဆရာ ရာဇာငယ်ကနောင်က “အခက်ခဲနှင့်အောင်ပွဲ” စာအုပ်ပါအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ Book Club, Women Club, Youth Club များဖြစ်ကြသော ဒေါ်င်စန်းနွဲ့၊ ဒေါ်သင်းသင်းလှိုင်၊ ဒေါ်မိမိခိုင်၊ မနှင်းလဲစန္ဒာတို့က “ကျေးဇူးပြုသူဖြစ်စေချင်”၊ “ဂုဏ်ယူလိုပ်ပါဆရာရယ်” “ပျော်ရွှရေးနှင့်ကျန်းမာမှု” ခေါင်းစဉ်ပါ အကြောင်းအရာတို့အား အသီးသီးဆွေးနွေးခဲ့ကြသည်။ ယင်းနောက် စာဖတ်ဝိုင်းသို့တက်ရောက်လကြသော စာပေချစ်မြတ်နိုးသူများအဖွဲ့များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်ပြပွဲ၊ မီးခိုးမြူငွေအန္တရာယ်နှင့် သဘာဝစွန့်ပစ်အမှိုက်အကြောင်း အသိ ပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ Book Club, Women Club, Youth Club အဖွဲ့ဝင်များက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)