ဖောင်းပြင်မြို့၌ စာပေချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဖောင်းပြင် ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်များအကြားဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများ ဖလှယ်ခွင့်ရရှိရေးအတွက် စာဖတ်ဝိုင်းများကို စီစဉ်ကျင်းပလျက်ရှိရာ စာပေချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ပြည်သူလူထုအသိပညာ ဗဟုသုတရရှိရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ပြောကြားသည်။

ထို့နောက် စာရေးဆရာ နေစိုးထက်ရေးသားသည့် "အနာဂတ်အတွက် လူငယ်ပြုစုပျိုးထောင်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုစတင်ရာ စာပေချစ်မြတ်နိုးသူများအသင်းဝင် မောင်ညီညီထွေး၊ မောင်လွင်လွင်စိုး၊ မကေဇင်သွယ်၊ မယွန်းထက်ထက်ဝိုင်းနှင့် မချစ်စုမွန်တို့က စာအုပ်ပါအကြောင်း အရာများအား အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က စာပေချစ်မြတ်နိုးသူများ၏ ဆွေးနွေးမှုအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)