ပခုက္ကူမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းဆောင်ရွက်

ပခုက္ကူ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။ 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့၊ အာကာမျိုးစက်သုံးဆီအရောင်းဆိုင်တာဝန်ရှိသူများအား မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ စနစ်တကျထားရှိရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရေး၊ ရေကန်နှင့် ရေစင်များကို ရေအပြည့်ဖြည့်တင်းထားရှိရေးတို့ကို အသိပညာပေးဟောပြောခြင်း၊ ဆိုင်ဝန်ထမ်းများက လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(၃၄၀)