မင်ဘူး(စကု)မြို့နယ်၌ ၂၀၂၆ ပညာသင်နှင် Grade -12 အောင်ချက်မြင့်မားရေး Online သင်တန်းပို့ချ ဆွေးနွေး

မင်းဘူး ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေး Online သင်တန်းကို ယနေ့နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ်၌ ကျင်းပပြုလုပ်သည်။

မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က (၁)၊ အ.ထ.က (၂)နှင့် စကု အ.ထ.က ဟူ၍ Centre လေးခုခွဲ၍ မြို့နယ်ပညာရေးမှူးရုံးတွင် ကျောင်းသား၊ ကျောင်းသူ ၂၀၈ ဦး၊ အ.ထ.က (၁) မင်းဘူးတွင် ၂၉၁ ဦး၊ အ.ထ.က (၂) မင်းဘူးတွင် ၄၀၈ ဦး၊ က.ထ.က စကုမြို့တွင် ၂၇၀ ဦး စုစုပေါင်း ၁၁၇၇ ဦးကို ကြီးကြပ်သူ ဆရာ၊ ဆရာမ ၄၀ ဦးဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ၃ ရက်သင်ကြားကာ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ မိနစ် ၃၀ အနားပေးကာ ဆွေးနွေးသင်ကြားပေးလျက်ရှိပြီး၊ ယခုလို သင်ကြားပြသပေးခြင်းအားဖြင့် ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်ဖြေကြားမည့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးနှင့် စာပေအသိပညာကြွယ်ဝကာ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူလေးများဖြစ်လာစေရန် ရည်ရွယ်၍ သင်ကြားပြသပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်စုစုအောင်က ပြောသည်။

‌ဇေယျာနိုင်(ရွှေကန်မြေ)