ငပုတော ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ဒေသထွက်ဓနိများ ရောင်းအားကောင်းမွန်၍ မိသားစုစားဝတ်နေရေးအဆင်ပြေပြီး ဝင်ငွေအပိုရရှိကြောင်း သိရသည်။
ဒေသထွက်ဓနိများကိုပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ သာပေါင်း၊ ရေကြည်နှင့်ကန်ကြီးထောင့်အခြားမြို့များသို့ ရောင်းချရကြောင်း၊ နှစ်စဉ် ဓနိ(၃)သန်းခန့်မှ (၈)သန်းခန်းအထိ ရောင်းချရကြောင်း၊ ငပုတောမြို့အတွင်းရှိ ကျေးရွာအုပ်စု အတော်များများတွင် ဓနိလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ ဓနိ အကြီး(၁၀၀)လျင် ငွေကျပ်(၃၀၀၀၀)နှင့် ဓနိအသေး(၁၀၀)လျင် ငွေကျပ်(၂၀၀၀၀)ခန့်အထိ ရောင်းချရပြီး လုပ်အားခ (၅၀၀၀)ကျပ်မှ (၇၀၀၀)ခန့်အထိ ရရှိပြီးမိသားစုစားဝတ်နေရေး အဆင်ပြေသည့်အပြင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေအပိုရရှိကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)