ချောက်မြို့နယ်၌၊ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ အောင်ချက်မြင့်မားရေး online ဖြင့် မေးခွန်းပုံစံများအား သင်ကြားပို့ချ

ချောက် ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး online ဖြင့် မေးခွန်းပုံစံများအား တက္ကသိုလ်များမှ သက်ဆိုင်ရာဘာသာရပ်အလိုက် တာဝန်ရှိသူများဖြင့် ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁) ကျောင်းမြရိပ်ညိုခန်းမ၌ သင်ကြားပို့ချ‌ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်ကြားပေးခြင်းကို မန္တလေး၊ မိတ္ထီလာ၊ မကွေးနှင့် ရန်ကုန်တက္ကသိုလ်များမှ ဘာသာရပ်အလိုက် တာဝန်ရှိသူများက Online ဖြင့် ဖေဖော်ဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဘာသာရပ်အလိုက်မေးခွန်းပုံစံနှင့် ဖြေဆိုပုံများကိုသင်ကြားပို့ချသွားမှာမည်ဖြစ်ပြီး အ.ထ.က(၁)ကျောင်းတွင် ကျောင်းသား/ သူ(၂၈၀)ဦးနှင့် ဆရာ၊ ဆရာမ(၇၀)ဦး၊ အ.ထ.က(စလေ)ကျောင်းတွင် ကျောင်းသား/သူ(၁၈၀)ဦးနှင့် ဆရာ၊ ဆရာမ(၃၀)ဦး တက်ရောက်လျက်ရှိကာ ယနေ့သင်ကြားပေးနေမှုကို ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်တို့က အနီးကပ်​​ကြီးကြပ်ပေးလျက်ရှိကြာင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)