၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူ များအား Online စနစ်ဖြင့် ဆွေးနွေးပွဲပြုလုပ်

နတ်မောက် ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား Online စနစ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် မကွေးတက္ကသိုလ်ပါမောက္ခချုပ်များက ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို သင်ကြားပေးလျက်ရှိသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မများ၊ မြို့ပေါ်ရှိကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

လှဝင်း