တောင်တွင်းကြီးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် online စနစ်ဖြင့် သင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်

တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မကွေးတက္ကသိုလ်မှ ဆရာ၊ ဆရာမနည်းပြများက Online စနစ်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ရာ တောင်တွင်းကြီးမြို့နယ်၌ Online စနစ်ဖြင့် သင်ကြားနိုင်ရေး မြို့နယ်ကြီးကြပ်မှုကော်မတီမှ ယမန်နေ့နံနက်ပိုင်းမှစတင်၍  ကြိုတင်ပြင်ဆင်မှုများအနေဖြင့် စက်များအားကြိုတင်၍ စမ်းသပ်အသုံးပြုခြင်း၊ အခမ်းအနားပြင်ဆင်ခြင်း၊ Internet လိုင်းများမရရှိသဖြင့် Top Net wifi စက်များ တပ်ဆင်ခြင်း၊ စာသင်သား ကျောင်းသား/ ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပြင်ဆင်ထားရှိခြင်း၊ အသံပိုင်းဆိုင်ရာစက်များ ကောင်းမွန်ရေး၊ အရန်မီးစက်၊ ရေ၊ မီး၊ မိလ္လာများ အဆင်ပြေစေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်အနေဖြင့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး Oline စနစ်ဖြင့် သင်ကြားပို့ချရာတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမ၌ ဆရာ၊ ဆရာမ ( ၅၆)ဦး နှင့် ကျောင်းသား၊ ကျောင်းသူ(၁၇၄)ဦး၊ မြို့နယ်ပညာရေးမှူးရုံးအပေါ်ထပ် အစည်းအဝေးခန်းမ၌ ဆရာ၊ ဆရာမ (၄၄) ဦး နှင့် ကျောင်းသား၊ ကျောင်းသူ (၁၄၀)ဦး၊ ရန်ပယ်အားကစားကွင်း မိုးလုံလေလုံးခန်းမ၌ ဆရာ၊ ဆရာမ (၂၂)ဦး နှင့် ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦး စုစုပေါင်း ဆရာ၊ ဆရာမ (၁၂၂)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၅၆၄)ဦးတို့အား နေရာ(၃)ခုတွင် ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၀)ရက်နေ့အထိ (၃)ရက်တိုင်တိုင် သင်ကြားပို့ချခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)